ပုဒ်မ ၁၇၉
ပုဒ်မ ၁၇၉
အပြစ်ကျူးလွန်ရာ သို့မဟုတ် အကျိုးဆက်များ ဖြစ်ပေါ်ရာ ခရိုင်တွင် တရားခံကို စစ်ဆေး စီရင်နိုင်ခြင်း

လူတစ်ယောက်သည် တစ်စုံတစ်ခုကို ပြုလုပ်ခဲ့ခြင်းကြောင့်ဖြစ်စေ၊ ယင်းသို့ ပြုလုပ်ရာမှ ပေါ်ပေါက်လာသော အကျိုးဆက် တစ်ခုခုကြောင့်ဖြစ်စေ ပြစ်မှုတစ်ရပ်ကို ကျူးလွန်ခဲ့သည်ဟု စွပ်စွဲခြင်း ခံရသောအခါ အဆိုပါ အမှုကို ပြုလုပ်သည့်အရပ်တွင် စီရင်ပိုင်ခွင့် အာဏာရှိသော တရားရုံးက သော်လည်းကောင်း၊ အကျိုးဆက် ဖြစ်ပေါ်ရာအရပ်တွင် စီရင်ပိုင်ခွင့်အာဏာရှိသော တရားရုံးကသော်လည်ကောင်း ယင်းပြစ်မှုကို အားမဆင်များနိုင်သည် သို့မဟုတ် စုံစမ်းစစ်ဆေး စီရင်နိုင်သည်။

ဥပမာများ

(က) A သည် X တရားရုံး၏ စီရင်ပိုင်ခွင့်နယ်မြေအတွင်း ထိခိုက်ဒဏ်ရာရရှိပြီးနောက် Z တရား ရုံး၏ စီရင်ပိုင်ခွင့် နယ်နိမိတ်အတွင်း သေဆုံးသည်။ လူသတ်မှုမမြောက်သည့် ရာဇဝတ် ပြစ်ဒဏ်ထိုက်သော လူသေမှုကို X တရားရုံးက ဖြစ်စေ၊ Z တရားရုံးကဖြစ်စေ စုံစမ်း စစ်ဆေး စီရင် ပိုင်ခွင့်ရှိသည်။

(ခ) A သည် X တရားရုံး၏ စီရင်ပိုင်ခွင့်နယ်မြေအတွင်း ထိခိုက်ဒဏ်ရာရရှိပြီးနောက် Y တရား ရုံး၏ စီရင်ပိုင်ခွင့်နယ်မြေအတွင်း တစ်ဆယ်ရက်၊ Z တရားရုံး၏ စီရင်ပိုင်ခွင့် နယ်မြေ အတွင်းတွင် တစ်ဆယ်ရက်၊ ၎င်းတရားရုံး နှစ်ရုံး၏ စီရင်ပိုင်ခွင့်နယ်မြေ နှစ်ရပ်အတွင်း မိမိလုပ်ဆောင်မြဲ အလုပ်အကိုင်တို့ကို မလုပ်မကိုင်နိုင် ဖြစ်ခဲ့ရသည်။ A ကို ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရစေသည့် ပြစ်မှုကို X တရားရုံးကဖြစ်စေ၊ Y တရားရုံးကဖြစ်စေ၊ Z တရား ရုံးကဖြစ်စေ စုံစမ်းစစ်ဆေး သို့မဟုတ် စစ်ဆေးစီရင်နိုင်သည်။

(ဂ) A သည် X တရားရုံး၏ စီရင်ပိုင်ခွင့် နယ်မြေအတွင်း နာကျင်အောင် ပြုလုပ်မည်ဟု ခြိမ်းခြောက်ခြင်းခံရပြီးနောက် Y တရားရုံး၏ စီရင်ပိုင်ခွင့်နယ်မြေအတွင်း ခြိမ်းခြောက်သူ ကို ပစ္စည်းပေးအပ်ရန် တိုက်တွန်းခြင်းခံရသည်။ A အပေါ် ခြောက်လှန့်တောင်းယူသည့် ပြစ်မှုကို X တရားရုံးကဖြစ်စေ၊ Y တရားရုံးကဖြစ်စေ စုံစမ် စုံစမ်းစစ်ဆေး သို့မဟုတ် စစ်ဆေးစီရင်နိုင်သည်။