အောက်ဖော်ပြပါ သူတို့အား အတူတကွစွဲချက်တင်၍ စစ်ဆေးစီရင်နိုင်သည်-
(က) မှုခင်း တစ်ရပ်တည်းတွင် ကျူးလွန်သော ပြစ်မှုတစ်မျိုးတည်းနှင့် စွပ်စွဲခံရသူများ၊
(ခ) ပြစ်မှုတစ်ရပ်နှင့်စွပ်စွဲခံရသူများနှင့် အဆိုပါပြစ်မှုကို အားပေးကူညီမှု၊ သို့မဟုတ် ကျုးလွန်ရန် အားထုတ်မှုနှင့် စွပ်စွဲခံရသူများ၊
(ဂ) တစ်ဆယ့်နှစ်လ ကာလအတွင်း ပုဒ်မ ၂၃၄ ၏ အနက်အဓိပ္ပာယ် အရ တစ်ခုထက်များသော မျိုးတူပြစ်မှုများကို အတူတကွ ကျုးလွန်ခဲ့ကြောင်းဖြင့် စွပ်စွဲခံရသူများ၊
(ဃ) မူခင်းတစ်ရပ်တည်းတွင် အမျိုးအစားမတူ ကွဲပြား ခြားနားသည့် ပြစ်မှုများကို ကျုးလွန်ခဲ့သည်ဟု စွပ်စွဲခံရသူများ၊
( င ) ခိုးမှု၊ ခြောက်လှန့်တောင်းယူမှု၊ သို့မဟုတ် ပြစ်မှုမကင်းသော အလွဲ သုံးစားမှုဖြင့် စွင်စွဲခံရသူများနှင့် အထက်တွင် ဖော်ပြပါရှိသူတို့ ကျုးလွန်သည့် အဆိုပါ ပြစ်မှုတစ်စုံတစ်ရာကြောင့် ပိုင်ရှင်လွှဲပြောင်း ရသည်ဆိုသည့် ပစ္စည်းလက်ခံမှု၊ သို့မဟုတ် လက်ဝယ်ထားရှိမှု၊ သို့မဟုတ် ပစ္စည်းထုခွဲရာတွင်၊သို့မဟုတ် သိုဝှက်ထားရာတွင်ကူညီမှု၊ သို့မဟုတ် နောက်ဆုံး ဖော်ပြပါ ပြစ်မှု တစ်စုံဘစ်ရာကို အားပေး ကူညီမှု၊ သို့မဟုတ် ကျုးလွန်ရန်အားထုတ်မှုဖြင့် စွပ်စွဲခံရသူများ၊
( စ ) ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၁၁ နှင့် ၄၁၄ တို့အရ၊ သို့မဟုတ် ပြစ်မှ တစ်ရပ်ကြောင့် ပိုင်ရှင်လွှဲပြောင်းရသည့် ခိုးရာပါပစ္စည်းနှင့် စင်လျဉ်း၍ ဆိုခဲ့သည့် ပုဒ်မတစ်ရပ်ရပ်ဖြင့် စွပ်စွဲခံရသူများနှင့်
(ဆ) ပြစ်မှုဆိုင်ရာဥပဧဒအခန်း ၁၂ အရ ဒင်္ဂါးအတုနှင့် စပ်လျဉ်းသည့် ပြစ်မှုတစ်စုံတစ်ရာဖြင့် စွပ်စွဲခံရသူများ၊ ထို့ပြင် အဆိုပါ အခန်းအရ ဆိုခဲ့သည့် ဒင်္ဂါးအတုနှင့် စင်လျဉ်းသည့် အခြားပြင်မှတစ်စုံတစ်ရာကို ကျုးလွန်မှုနှင့်ဖြစ်စေ၊ ၎င်းပြစ်မှုကိုအားပေးကူညီမှုဖြင့်ဖြစ်စေ၊ ၎င်းပြစ်မှုကို ကျုးလွန်ရန် အားထုတ်မှုဖြင့်ဖြစ်စေ စွပ်စွဲခြင်းခံရသူများ၊ ထို့ပြင် ဤအခန်း၏ အထက်ပိုင်းတွင် ပါဝင်သည့် ပြဋ္ဌာန်းချက်များ သည်ဆိုခဲ့သည့် စွဲချက်အားလုံးနှင့် သက်ဆိုင်နိုင်သမျှ သက်ဆိုင်စေရမည်။