(၁) ဒုတိယဘန်းအာဏာရ ရာဇဝတ်တရားသူကြီး၊ သို့မဟုတ် တတိယတန်း အာဏာရ ရာဇဝတ်တရားသူကြီးက စစ်ဆေးစီရင်ရာတွင် ပြစ်မှုထင်ရှားစီရင်ခြင်းခံရသူ တစ်ဦး တစ်ယောက်၊ သို့မဟုတ် ပုဒ်မ ၃၄၉ အရ ပြစ်မှုထင်ရှား စီရင်ခြင်းခံရသူ တစ်ဦးတစ်ယောက်၊ သို့မဟုတ် ဒုတိယတန်းအာဏာရ နယ်ပိုင်ရာဇဝတ်တရားသူကြီးက ပုဒ်မ ၅၆၂-ပုဒ်မခွဲ(၅) အရ ချမှတ်၍ ပြစ်မှုထင်ရှားစီရင်ခြင်း ခံရသူတစ်ဦးတစ်ယောက်သည် ခရိုင်ရာဇဝတ်တရားသူကြီးထံ အယူခံ ဝင်နိုင်သည်။
အယူခံမှုများကို ပထမတန်းအာဏာရ ရာဇဝတ်တရားသူကြီးထံလွှဲအပ်ခြင်း။
(၂) ဤပုဒ်မအရ တင်သွင်းသည့်အယူခံမှု၊ သို့မဟုတ် မည်သည့်အယူခံမှုမျိုးကိုမဆို ခရိုင်ရာဇဝတ်တရားသူကြီးက ၎င်းအယူခံမှုများကို ကြားနာနိုင်ရန် နိုင်ငံတော်သမ္မတထံမှ အခွင့်အာဏာ အပ်နှင်းခြင်းခံရသူ လက်အောက် မည်သည့် ပထမတန်း အာဏာရ ရာဇဝတ် တရားသူကြီးမဆို စစ်ဆေးရန် ညွှန်ကြားနိုင်သည်။ ယင်းကဲ့သို့ ညွှန်ကြားသည့်အခါ အဆိုပါ အယူခံမှု၊ သို့မဟုတ် အယူခံမှုမျိုးကို အဆိုပါ လက်အောက် ရာဇဝတ်တရားသူကြီးထံ တင်သွင်းနိုင်သည်၊ သို့မဟုတ် ခရိုင်ရာဇဝတ်တရားသူကြီးထံ တင်သွင်းပြီးဖြစ်လျှင် အဆိုပါလက်အောက် ရာဇဝတ်တရားသူကြီးထံသို့ လွှဲပြောင်းပေးနိုင်သည်။ ဤကဲ့သို့ တင်သွင်းသော၊ သို့မဟုတ် ပြောင်းပေးသော အယူခံမှုတစ်စုံတစ်ရာ၊ သို့မဟုတ် အယူခံမှုများကို ခရိုင်ရာဇဝတ်တရားသူကြီးသည် ဆိုခဲ့သည့် ရာဇဝတ်တရားသူကြီးထံမှ ရုပ်သိမ်းနိုင်သည်။