ပုဒ်မ ၆၂
ပုဒ်မ ၆၂
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်က ဖမ်းဆီးသည့် အမှုများကို အစီရင်ခံခြင်း

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့စခန်းမှူးများသည် မိမိတို့ ရဲစခန်းအပိုင် နယ်မြေများအတွင်း ဝရမ်းမပါဘဲ ဖမ်းဆီးထားသူများ၏ အမှုများကို ယင်းတို့အား အာမခံပေးထားသည်ဖြစ်စေ၊ အာမခံမပေးဘဲ ထားသည်ဖြစ်စေ ခရိုင်ရာဇာတ် တရားသူကြီးထံ တင်ပြအစီရင်ခံရမည် သို့မဟုတ် ၎င်းက ညွှန်ကြားလျှင် နယ်ပိုင်ရာဇဝတ် သူကြီးထံ တင်ပြ အစီရင်ခံရမည်။