ပုဒ်မ ၁၀၂
ပုဒ်မ ၁၀၂
ပိတ်ဆို့ထားသည့် နေရာကို စောင့်ကြပ်ကြည့်ရှုသူတို့က ရှာဖွေခွင့်ပေးရခြင်း

(၁) ဤအခန်းပါ ပြဋ္ဌာန်းချက်အရ ရှာဖွေခြင်း သို့မဟုတ် စစ်ဆေးကြည့်ရှုခြင်းခံရမည့် နေရာ တစ်ခုခုသည် ပိတ်ဆို့နေသည့်အခါ ဝရမ်းအတည်ပြုရမည့်အရာရှိ သို့မဟုတ် အခြားသူက ၀ရမ်းကို ထုတ်ပြ၍ တောင်းဆိုပါက အဆိုပါ နေရာတွင် နေထိုင်သူ သို့မဟုတ် စောင့်ကြပ် ကြည့်ရှုသူက အတားအဆီးမရှိ ဝင်ရောက်ရန်ခွင့်ပြုရမည်။ ထို့ပြင် ထိုနေရာအတွင်း ရှာဖွေ နိုင်ရန် သင့်လျော် သောအခွင့်အရေးများ ပေးရမည်။

(၂) အဆိုပါ နေရာအတွင်းသို့ ဝင်ရောက်ခွင့် မရရှိနိုင်ပါက ဝရမ်းကိုအတည်ပြုသည့် အရာရှိ သို့မဟုတ် အခြားသူသည် ပုဒ်မ ၄၈ တွင် ပြဋ္ဌာန်းထားသည့် နည်းလမ်းအတိုင်း ဆက်လက် ဆောင်ရွက်နိုင်သည်။

(၃) အဆိုပါနေရာအတွင်း သို့မဟုတ် အနီးအနားတွင်ရှိသာ လူတစ်ယောက်သည် ရှာဖွေရမည့် ပစ္စည်း တစ်စုံတစ်ရာကို ၎င်း၏ကိုယ်၌ သိုဝှက်ထားကြောင်း သံသယဖြစ်စရာအကြောင်း ယုတ္တိရှိနေလျှင် ထိုသူကို ရှာဖွေနိုင်သည်။ ထိုသူသည် အမျိုးသမီးဖြစ်ခဲ့သော် ပုဒ်မ ၅၂ ပါ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ရမည်။