(၁) သေဆုံးသူတစ်ဦး၏ တရား၀င် ကိုယ်စားလှယ်က အမှုသည်အဖြစ်ပါဝင်၍ ယင်းအမှုသည်အပေါ် ချမှတ်ထားပြီး ဒီကရီမှာ သေသူပိုင်ပစ္စည်းမှ ငွေပေးဆပ်ရန်အတွက်ဖြစ်လျှင် ယင်းပစ္စည်း တစ်ရပ်ရပ်ကို ဝရမ်းကပ်၍ ရောင်းချခြင်းဖြင့် အတည်ပြုနိုင်သည်။
(၂) တရားရှုံး(judgement-debtor) လက်ဝယ်တွင် ဆိုခဲ့သည့်ပစ္စည်းမျိုး မကျန်ရှိတော့သည့်အပြင် ၎င်းသည် မိမိ လက်ဝယ်သို့ ရောက်ရှိကြောင်းထင်ရှားသည့် သေသူပိုင်ပစ္စည်းကိုလည်း နည်းလမ်းတကျ အသုံးချ ခဲ့ကြောင်း တရားရုံး ကျေနပ်လောက်အောင် မပြနိုင်လျှင် ယင်းသို့ တရားရုံး ကျေနပ်လောက်အောင် မပြနိုင်သည့် ပစ္စည်းအတိုင်းအတာအထိ ဒီကရီကို တရားရှုံးအပေါ် (judgement-debbtor) ဒီကရီချမှတ်သောအခါ အတည်ပြုသည့် နည်းလမ်းအတိုင်း တရာဝင်ကိုယ်စားလှယ်အပေါ် အတည်ပြုနိုင်သည်။
မှတ်စု။ ဆရာမြ၏ တရားမကျင့်ထုံးဥပဒေ ဘာသာပြန်ဆိုချက်တွင် Personally ကို ပုဂ္ဂိုလ်အရ ဟု ဘာသာပြန်ဆိုထားပြီး။ ဆရာ ဦးကျော်အေး၊ တရားမကျင့်ထုံးဥပဒေဘာသာပြန်ဆိုချက်တွင် “တရားရှုံးကိုယ်တိုင်” ဟု ဘာသာပြန်ပြန်ဆိုထားပါသည်။ ဤ ဘာသာပြန်ဆိုချက်တွင် ဖတ်ရှုသူနားလည်စေရန် “ တရာဝင်ကိုယ်စားလှယ်အပေါ်” ဟု ဖြည်စွက်ဘာသာပြန်ဆိုပေးထား ပါသည်။