ပုဒ်မ ၂၅၀
ပုဒ်မ ၂၅၀
သမ္မန်မှုနှင့် ၀ရမ်းမှုများတွင် အရေးမယူထိုက်သော စွပ်စွဲချက်များ၊ လိမ်လည်သော၊ အရေးမယူထိုက်သော၊ သို့မဟုတ် အနှောင့်အယှက်ဖြစ်သော စွပ်စွဲချက်များ။

(၁) တိုင်တန်းချက်အရဖြစ်စေ၊ ရဲအရာရှိတစ်ဦးထံ၊ သို့မဟုတ် ရာဇဝတ်တရား သူကြီးထံ သတင်းပေးချက်အရဖြစ်စေ စွဲဆိုသည့် မည်သည့်အမှု၌မဆို ရာဇဝတ်တရားသူကြီးက စစ်ဆေးစီရင်နိုင်သော ပြစ်မှုတစ်ရပ်ဖြင့် လူဘစ်ဦးတစ်ယောက်၊ သို့မဟုတ် လူအများမှာ ရာဇဝတ်တရားသူကြီးရှေ့မှောက်၌စွပ်စွဲခြင်းခံရသည့်အခါ အမှုကိုကြားနာစစ်ဆေးသည့် ရာဇဝတ် တရားသူကြီးက ကရားခံအားလုံးကိုဖြစ်စေ၊ ၎င်းတို့အနက် တစ်ဦးတစ်ယောက်ကိုဖြစ်စေ စွဲချက် မတင်မီသော်လည်းကောင်း၊ အမှုမှ အပြီးအပြတ်သော်လည်းကောင်း လွှတ်ပြီးနောက် ၎င်းတို့ အားလုံးအပေါ်၊ သို့မဟုတ် ၎င်းတို့အနက် တစ်ဦးတစ်ယောက်အပေါ် စွပ်စွဲသည့် စွပ်စွဲချက်များ သည် မဟုတ်မမှန်ဖြစ်ပြီး အရေးမယူထိုက်ကြောင်း၊ သို့မဟုတ် အနှောင့်အယှက်ဖြစ်ကြောင်း ထင်မြင်ယူဆပါက အကယ်၍ တိုင်တန်းချက်ဖြင့် စွပ်စွဲသူ၊ သို့မဟုတ် သတင်းပေးခြင်းဖြင့် စွပ်စွဲ သူ တရားရုံးရှေ့ ရောက်ရှိနေလျှင် ၎င်းကို အဆိုပါ တရားခံ၊ သို့မဟုတ် တရားခံတစ်ဦးထက်ပိုလျှင် တရားခံတစ်ဦး၊ သို့မဟုတ် တရားခံအသီးသီးအား မိမိက အဘယ်ကြောင့် လျော်ကြေး မပေးထိုက်ကြောင်းကို ချက်ခြင်း အကြောင်းပြထုချေစေရန် ထိုရာဇဝတ်တရားသူကြီးက မိမိ၏ စွဲချက်မတင်မီလွှတ်မိန့်၊ သို့မဟုတ် အမှုမှ အပြီးအပြတ်လွှတ်မိန့်ဖြင့် ဆင့်ဆိုနိုင်သည်။ အကယ်၍ ၎င်းတိုင်တန်းသူ၊ သို့မဟုတ် သတင်းပေးသူ ရောက်ရှိမနေလျှင် ၎င်းအား တရားရုံးသို့လာရောက်ပြီး အထက်ကဆိုခဲ့သည့်အတိုင်း အကြောင်းပြ ထုချေစေရန် သမ္မန်စာထုတ်ဆင့်ရန် ညွှန်ကြား နိုင်သည်။

(၂) ရာဇဝတ်တရားသူကြီးသည် အဆိုပါတိုင်တန်းသူ၊ သို့မဟုတ် သတင်း ပေးသူ၏ တင်ပြသည့် အကြောင်းပြချက်ကို ရေးမှတ်၍စဉ်းစားဆင်ခြင်ပြီး အကယ်၍ ၎င်းစွပ်စွဲ ချက်သည် လိမ်လည်ခြင်းဖြစ်၍ အရေးမယူထိုက်ကြောင်း၊ သို့မဟုတ် အနှောင့်အယှက်ဖြစ်ကြောင်း ကျေနပ်လက်ခံလျှင် အကြောင်းပြချက်များကို ရေးမှတ်လျက် အဆိုပါတိုင်တန်းသူ၊ သို့မဟုတ် သတင်းပေးသူက တရားခံအား၊ သို့မဟုတ် တရားခံအသီးသီးအား၊ သို့မဟုတ် တရားခံတစ်ဦး တစ်ယောက်အား ကျပ် ငါးသောင်းထက်မပိုသော ငွေကို၊ သို့မဟုတ် ထိုရာဇဝတ်တရားသူကြီးသည် တတိယတန်း အာဏာရ ရာဇဝတ်တရားသူကြီးဖြစ်လျှင် သုံးသောင်ထက် မပိုသောငွေကို ပေးလျော်စေရန် သတ်မှတ်ပြီးညွှန်ကြားနိုင်သည်။

(၂ က) ရာဇဝတ်တရားသူကြီးသည် ပုဒ်မခွဲ ( ၂ ) အရ လျော်ကြေးပေးစေရန် ညွှန်ကြားသည့်အမိန့်ဖြစ်လျှင်၊ အဆိုပါ လျော်ကြေးပေးရန် ညွှန်ကြားခြင်းခံရသူက လျော်ကြေး ပေးရန် ပျက်ကွက်ခဲ့ပါက ရက်ပေါင်းသုံးဆယ်ထက်မပိုသော အလုပ်မီ ထောင်ဒဏ် ကျခံစေရ ရမည်ဟု ထပ်မံ အမိန့်ချမှတ်နိုင်သည်။

(၂ ခ) တစ်ဦးတစ်ယောက်သောသူမှာ ပုဒ်မခွဲ ( ၂ က) အရ ထောင်ဒဏ်ကျခံ ရလျှင် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၆ဂနှင့် ၆၉ တို့ပါ ပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်သမျှ သက်ဆိုင်စေရမည်။

(၂ ဂ) ဤပုဒ်မအရ လျော်ကြေးပေးရန် ညွှန်ကြားခြင်းခံရသူ မည်သူမဆို ယင်းသို့ အမိန့်ချမှတ်ခြင်း ခံရရုံမျှဖြင့် ၄င်း၏တိုင်တန်းချက်၊ သို့မဟုတ် သတင်းပေးချက်နှင့် စပ်လျဉ်း၍ တရားမကြောင်း၊ သို့မဟုတ် ရာဇဝတ်ကြောင်းဖြင့် စွဲဆိုခံထိုက်ခြင်းမှ ကင်းလွတ်ခွင့် မရှိစေရ။

သို့ရာတွင် ဤပုဒ်မအရ တရားခံအား ပေးလျော်ခဲ့ရသည့်ငွေကို ယင်းအမှုကိစ္စနှင့် စပ်လျဉ်း၍ နောက်ထပ်စွဲဆိုသော တရားမမှု၌ ထိုသူအား လျော်ကြေးပေးစေရန် ဆုံးဖြတ်သည့် ငွေတွင် ပါဝင်ရေတွက်ရမည်။

(၃) လျော်ကြေးပေးရန် ဒုတိယတန်း၊ သို့မဟုတ် တတိယတန်း အာဏာရ ရာဇဝတ်တရားသူကြီးက ပုဒ်မခွဲ(၂)အရ အမိန့်ချမှတ်ခြင်းခံရသည့် တိုင်တန်းသူ၊ သို့မဟုတ် သတင်းပေးသူသည် အဆိုပါ ရာဇဝတ်တရားသူကြီးက ပြုလုပ်သည့် စစ်ဆေးစီရင်မှုတစ်ခု၌ ပြစ်မှ ထင်ရှား စီရင်ခြင်းခံရသကဲ့သို့ လျော်ကြေးပေးစေရန် အမိန့်နှင့် စပ်လျဉ်း၍ ယင်းအမိန့်ပေါ် အယူခံနိုင်ခွင့်ရှိသည်။

(၄) ပုဒ်မခွဲ (၃) အရ အယူခံနိုင်ခွင့်ရှိသော အမှုတစ်မှုတွင် တရားခံတစ်ဦးအား လျော်ကြေးပေးစေရန် အမိန့်ချမှတ်ခဲ့လျှင် အယူခံလွှာတင်ရန်ခွင့်ပြုသည့် မကုန်ဆုံးမီ၊ သို့မဟုတ် အယူခံလွှာတင်သွင်းခဲ့လျှင် ယင်းအယူခံလွှာအပေါ် စီရင်ဆုံးဖြတ်ခြင်း မပြုမီ လျော်ကြေးငွေကို တရားခံအား မပေးရ။ ထို့ပြင် ယင်းကဲ့သို့ အယူခံဝင်ခွင့်မရှိသည့် အမှ တစ်မှု၌ အဆိုပါအမိန့်မျိုး ချမှတ်ခဲ့လျှင် အမိန့်ချမှတ်သည့်နေ့မှ တစ်လမကုန်လွန်မီ ယင်းလျော် ကြေးငွေကို မပေးရ။