ပုဒ်မ ၁၀၀
ပုဒ်မ ၁၀၀
အယူခံဒီကရီကို အယူခံဝင်ခြင်း

ဒုတိယအယူခံမှု

 (၁) ဤဥပဒေ၏ ပင်ရင်းပြဌာန်းချက်တွင်ဖြစ်စေ၊ တည်ဆဲအခြားဥပဒေ တစ်ရပ်ရပ်တွင် ဖြစ်စေ အတိအလင်း အခြားနည်း ပြဌာန်းထားသည်မှတစ်ပါး တိုင်းဒေသကြီး တရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော်အောက်ရှိ လက်အာက်ခံ တရားရုံးတစ်ရုံး က အယူခံမှုတွင် ချမှတ်သော ဒီကရီအရပ်ရပ်ကို တိုင်းဒေသကြီး တရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော်၌ အောက်ပါအကြောင်းပြချက် တစ်ရပ်ရပ်အရ အယူခံဝင်နိုင်သည် – ((ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၂၉ ဖြင့် အစားထိုးပြင်ဆင်ထားသည်။)

(က) ဆုံးဖြတ်ချက်သည် ဥပဒေနှင့်ဖြစ်စေ၊ ဥပဒေကဲ့သို့ အာဏာရှိသော ထုံးတမ်း တစ်ရပ်ရပ်နှင့်ဖြစ်စေ၊ ဆန့်ကျင်ကွဲလွဲသည့်အချက်၊

(ခ) ဆုံးဖြတ်ချက်သည် အရေးပါသော ဥပဒေပြဿနာ သို့မဟုတ် ဥပဒေကဲ့သို့ အာဏာရှိသော ထုံးတမ်းပြဿနာကို အဆုံးအဖြတ်ပေးရန် ပျက်ကွက်သည့် အချက်၊

( ဂ ) အမှုကို အရည်အသွေးအရ အဆုံးအဖြတ်ပေးရာတွင် မှားယွင်းမှု သို့မဟုတ် ချွတ်ယွင်းမှုကိုဖြစ်စေလောက်မည့် ဤဥပဒေတွင်သော်လည်းကောင်း၊ တည်ဆဲ အခြားဥပဒေ တစ်ရပ်ရပ်တွင်သော်လည်းကောင်း ပြဌာန်း ထားသော ကျင့်ထုံး၌ အကြီးအကျယ်မှားယွင်းသည့် သို့မဟုတ် ချွတ်ယွင်းသည့်အချက်၊

(ဃ) မူလမှု၏တန်ဘိုးသည် ကျပ်ငွေ ၁၀ သိန်းထက်ပိုသော တရားမမှု၌ ဒီကရီ ချမှတ်ထားရာတွင် အယူခံရုံးက တရားစရိတ်နှင့်စပ်လျဉ်း၍မှတပါး မူလရုံး၏ .. ဒီကရီကို ပြောင်းလဲပါက သို့မဟုတ် ပယ်ဖျက်ပါက အယူခံ အကြောင်းပြချက် ကောင်း တစ်ရပ်ဖြစ်မည့် အကြောင်းပြချက် တစ်ရပ်ရပ်။

(၂) တစ်ဖက်သတ်ချမှတ်သော အယူခံဒီကရီကို ဤပုဒ်မအရ အယူခံဝင် နိုင်သည်။