(က) မြို့နယ်ကော်မရှင်အဖွဲ့ခွဲနှင့် ရပ်ကွက် သို့မဟုတ်ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲတို့သည် မဲဆန္ဒနယ်အသီးသီးအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ မဲစာရင်းများကိုပြုစုရာတွင် ကော်မရှင်က သတ်မှတ်သည့် လူဦးရေစာရင်း ပုံစံဇယားများအတိုင်း ပြည်ထဲရေးဝန်ကြီးဌာန၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ပြုစုထားသည့် လူဦးရေစာရင်းနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးက ပြုစုထားသည့် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆) ပါ လူဦးရေ စာရင်းများကို ရယူအခြေခံပြီး ပြုစုရမည်။
(ခ) မြို့နယ်ကော်မရှင်အဖွဲ့ခွဲနှင့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုကော်မရှင် အဖွဲ့ခွဲတို့သည် သတ်မှတ်ချက်များနှင့်အညီ မဲစာရင်းများပြုစုခြင်း၊ ပြင်ဆင်ခြင်းနှင့် ဖြည့်စွက်ခြင်းတို့ ဆောင်ရွက်ရာတွင် ပြည်ထဲရေးဝန်ကြီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတို့က ပူးပေါင်းဆောင်ရွက်ရမည်။