ပုဒ်မ ၄၈
ပုဒ်မ ၄၈
ဝင်ခွင့်မရလျှင် လိုက်နာရန်ကျင့်ထုံး

ဆိုခဲ့သည့်နေရာမျိုးသို့ ပုဒ်မ၄၇အရ ဝင်ခွင့်မရလျှင် ဝရမ်းအမိန့်အရ ဆောင်ရွက်သူက မည်သည့်အမှုတွင်မဆို ယင်းနေရာသို့ ဝင်ရောက်ရှာဖွေခြင်းမှာ ဥပဒေနှင့်ညီညွတ်စေရမည်။ ထို့ပြင် ဝရမ်းထုတ်ဆင့် နိုင်သော်လည်း ဖမ်းဆီးခံရမည့်သူ ထွက်မပြေးနိုင်မီ ၎င်းဝရမ်းအမိန့်မရနိုင်သည့် မည်သည့် အမှုတွင်မဆို ရာရှိက ၎င်းနေရာသို့ ဝင်ရောက်ရှာဖွေခြင်းမှာလည်း ဥပဒေနှင့် ညီညွတ်စေရမည်။ ထို့ပြင်မိမိ၏ အခွင့်အာဏာနှင့် မည်သည့်ကိစ္စရှိကြောင်း ပြောဆိုပြီး ဝင်ခွင့်ပေးရန် ထိုက်သင့်သလို တောင်းဆိုပြီးနောက် အခြားနည်းဖြင့် ဝင်ခွင့်မရနိုင်လျှင် အဖမ်းခံရမည့်သူ ပိုင်သည် ဖြစ်စေ၊ အခြားသူတစ်ဦးပိုင်သည်ဖြစ်စေ ယင်းအိမ် သို့မဟုတ် နေရာ၏ မည်သည့်အပြင်တံခါး၊ အတွင်း တံခါး သို့မဟုတ် ပြတင်းပေါက်စသည်များကို ဖျက်ဆီးဖွင့်လှစ်ခြင်းမှာလည်း ဥပဒေနှင့် ညီညွတ် စေရမည်။