အဆိုပါစာရင်းမိတ္တူများကို ခရိုင်ရာဇဝတ်တရားသူကြီးနှင့် ခရိုင်တရားမရုံးများတွင် စွဲကပ်ထားရမည်။ ထို့ပြင် အဆိုပါစာရင်းမှ ကောက်နုတ်ချက်များကို အဆိုပါ ကောက်နုတ်ချက် စာရင်းတွင် အမည်ပါရှိသူများ နေထိုင်ရာ မြို့များတွင်ဖြစ်စေ၊ ၎င်းမြို့ အနီးရှိ မြို့များတွင်ဖြစ်စေ ထင်ရှားသည့် နေရာများတွင် စွဲကပ်ထားရမည်။