ပုဒ်မ ၁၀၆
ပုဒ်မ ၁၀၆
ဥပဒေအဖြစ် ထုတ်ပြန်ကြေညာခြင်း
(က) နိုင်ငံတော်သမ္မတထံ ပေးပို့ထားသော ဥပဒေကြမ်းကို နိုင်ငံတော်သမ္မတက မိမိ၏ သဘောထား မှတ်ချက်များနှင့်အတူ သတ်မှတ်ကာလအတွင်း ပြည်ထောင်စုလွှတ်တော်သို့ ပြန်လည် ပေးပို့လျှင် ပြည်ထောင်စု လွှတ်တော်သည် နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်များကို ဆွေးနွေး သုံးသပ်ပြီးနောက် နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်ကို လက်ခံ၍ ဥပဒေကြမ်းကိုပြင်ဆင်ရန် ဆုံးဖြတ်နိုင်သည် သို့မဟုတ် နိုင်ငံတော် သမ္မတ၏ သဘောထားမှတ်ချက်ကို လက်မခံဘဲ ဥပဒေကြမ်းကို မူလအတိုင်း အတည်ပြုရန် ဆုံးဖြတ်နိုင်သည်၊ (ခ) နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်နှင့်အညီ ပြင်ဆင်ထားသောဥပဒေကြမ်း သို့မဟုတ် နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်ကို လက်မခံဘဲ မူလအတိုင်းအတည်ပြုသော ဥပဒေကြမ်း အားပြည်ထောင်စုလွှတ်တော်၏ ဆုံးဖြတ်ချက်ဖြင့် ပြန်လည်ပေးပို့လာသည့်အခါ နိုင်ငံတော်သမ္မတသည် ဥပဒေကြမ်း ပြန်လည်ရရှိသည့်နေ့၏ နောက်တစ်နေ့မှခုနစ်ရက်အတွင်း လက်မှတ်ရေးထိုး၍ဥပဒေ အဖြစ် ထုတ်ပြန်ကြေညာရမည်၊ (ဂ) ပြည်ထောင်စုလွှတ်တော်က ပြန်လည်ပေးပို့သော ဥပဒေကြမ်းကို သတ်မှတ်ကာလအတွင်း နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးခြင်း မပြုလျှင်သတ်မှတ်ကာလ ပြည့်မြောက်သည့် နေ့ရက်တွင် ဥပဒေကြမ်းသည် နိုင်ငံတော်၏ သမ္မတ လက်မှတ်ရေးထိုးချက်ကို ရရှိပြီးသကဲ့သို့ ဥပဒေဖြစ်လာရမည်။
ပြစ်ဒဏ်
-