ပုဒ်မ ၁၄၆
ပုဒ်မ ၁၄၆
ပြန်လှန်စစ်မေးရာတွင် တရားဥပဒေနှင့် အညီမေးနိုင်သည့်မေးခွန်းများ

သက်သေတစ်ဦးအားပြန်လှန်စစ်မေးသည့်အခါ ဤအထက်က ပြဋ္ဌာန်းချက်များ၌ ဖော်ပြခဲ့သော မေးခွန်းများအပြင်အောက်ပါမေးခွန်းများကိုလည်း မေးမြန်းနိုင်သည်-

(၁) ထိုသူ၏ထွက်ဆိုချက်မှန်ကန်မှုရှိ မရှိစမ်းသပ်ရန်၊

(၂) ထိုသူသည် မည်သည့်လူစားမျိုးဖြစ်သည်၊ ယင်းအပြင် ထိုသူ၏ဘဝအခြေအနေမည်သို့ရှိသည်ကို ထုတ်ဖော်ရန်၊

(၃) ထိုသူအားယုံကြည်ထိုက်မှုကို ယိမ်းယိုင်သွားစေရန် ထိုသူ၏အကျင့်စာရိတ္တကိုထိခိုက်သည့်အချက် များ ပေါ်လွင်စေမည့် မေးခွန်းများကိုဖြေဆိုရာ၌ ထိုသူအားတိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ၊ ပြစ်မှု ရောက်စေနိုင်သည့် အဖြေသော်လည်းကောင်း၊ပြစ်ဒဏ်ခံရခြင်းနှင့် ဖြစ်စေ၊ ပြည်သူ့ဘဏ္ဍာအဖြစ် ပစ္စည်း သိမ်းယူသည့်ဒဏ်ဖြစ်စေ ချမှတ်ခံရမည့်အဖြေသော်လည်းကောင်း ဖြစ်နိုင်သော်လည်း ထိုသို့မေးမြန်းနိုင် သည်။