မည်သည့်ရဲအရာရှိ သို့မဟုတ် တစ်ဦးတစ်ယောက်ကမဆို ဤဥပဒေအရ ဖမ်းဆီးရာတွင် ဖမ်းဆီးခြင်း ခံရသူ၏ကိုယ်တွင် တွေ့ရှိရသည့် ရန်မူနိုင်သော မည်သည့်လက်နက်ကိုမဆို သိမ်းဆည်း နိုင်သည်။ ထိုကဲ့သို့ သိမ်းဆည်းခဲ့သည့် လက်နက်များကို ဤဥပဒေအရ အရာရှိ သို့မဟုတ် ဖမ်းဆီး သူက ဖမ်းဆီးခြင်းခံရသူကို ပေးပို့ရန်ရှိသော တရားရုံး သို့မဟုတ် အရာရှိထံ ပေးအပ်ရမည်။