နိုင်ငံတော်သမ္မတသည် ဤဥပဒေပါကိစ္စများအလို့ငှာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှတစ်ပါး တရားရုံးအသီးသီးတွင် မည်သည့်ဘာသာစကားသည် တရားရုံးသုံးဘာသာစကားဖြစ်စေရမည်ဟု ဆုံးဖြတ်သတ်မှတ်နိုင်သည်။