ပုဒ်မ ၇၃
ပုဒ်မ ၇၃
ထိုးမြဲလက်မှတ်၊ လက်ရေး သို့မဟုတ် တံဆိပ်ကိုအခြားဝန်ခံထားသော သို့မဟုတ် သက်သေ ထင်ရှားတင်ပြပြီးသော ထိုးမြဲလက်မှတ်၊ လက်ရေး သို့မဟုတ် တံဆိပ်နှင့်တိုက်ဆိုင်စစ်ဆေးခြင်း

တစ်စုံတစ်ခုသော ထိုးမြဲလက်မှတ်၊လက်ရေး သို့မဟုတ် တံဆိပ်သည်ယင်းကို ရေးသားခဲ့သည် သို့မ ဟုတ် ပြုလုပ်ခဲ့သည်ဆိုသူ၏ ထိုးမြဲလက်မှတ်၊လက်ရေး သို့မဟုတ် တံဆိပ် ဟုတ်မဟုတ် သိရှိနိုင်ရန် အလို့ငှာ အဆိုပါ ထိုးမြဲလက်မှတ်၊လက်ရေး သို့မဟုတ် တံဆိပ်ကို ထိုသူရေးသားခဲ့သည်သို့မဟုတ် ပြု လုပ်ခဲ့သည်ဟု ဝန်ခံထားသော သို့မဟုတ် တရားရုံးကကျေနပ်လောက်အောင်သက်သေထင်ရှားတင်ပြ ထားသော ထိုးမြဲလက်မှတ်၊ လက်ရေး သို့မဟုတ်တံဆိပ်တစ်ခုခုနှင့် တိုက်ဆိုင်စစ်ဆေးနိုင်သည်။ ထို သူရေးသားခဲ့သည့်သို့မဟုတ် ပြုလုပ်ခဲ့သည်ဟုဝန်ခံထားသော သို့မဟုတ် တရားရုံးကကျေနပ်လောက် အောင် သက်သေထင်ရှားတင်ပြထားသော ဆိုခဲ့သည့် ထိုးမြဲလက်မှတ်၊လက်ရေး သို့မဟုတ် တံဆိပ်ကို တင်ပြစဉ်က ဤကိစ္စအတွက် တင်ပြခဲ့ခြင်း မဟုတ်စေကာမူ ထိုသို့တိုက်ဆိုင်စစ်ဆေးခြင်းပြုနိုင်သည်။

တရားရုံးသည် ရုံးရှေ့တွင် ရောက်ရှိနေသူ တစ်ဦးဦးအား ထိုသူရေးသားသည်ဆိုသော စာလုံးများ သို့မဟုတ် ဂဏန်းများနှင့် တိုက်ဆိုင်စစ်ဆေးနိုင်ရန်အလို့ငှာ မည်သည့်စာလုံး သို့မဟုတ် ဂဏန်းများကိုမဆိုရေးသားရန် ညွှန်ကြားနိုင်သည်။

ဤပုဒ်မသည် လက်ဗွေပုံစံများနှင့်လည်း သက်ဆိုင်သည်။ ယင်းကိစ္စအလို့ငှာဤပုဒ်မကိုလိုအပ်သလိုပြင် ဆင်ခြင်းလည်းပြုနိုင်သည်။