ပုဒ်မ ၄၆၉
ပုဒ်မ ၄၆၉
တရားခံစိတ်မနှံ့ဘူးသည့်ပုံပေါ်ခြင်း

အမှုကို စုံစမ်းစစ်ဆေးစဉ်၊ သို့မဟုတ် စစ်ဆေးစီရင်စဉ် တရားခံသည် စိတ်ကောင်းသည့်ပုံ ပေါ်နေလျှင်၊ ထို့ပြင် ၎င်းတရားခံသည် စိတ်ဓကောင်းမွန်လျက်ရှိနေစဉ် ပြစ်မှ ကျုးလွန်ရာရောက်ရန်ရှိသည့် ပြုလုပ်မှုကို ၎င်းတရားခံ ပြုလုပ်ကြောင်း၊ ပြစ်မှုကျုးလွန်ရာရောက် နိုင်ရန်ရှိသည့် ပြုလုပ်မှုကို ပြုလုပ်စဉ်က စိတ်ပေါ့သွပ်ခြင်းကြောင့် မိမိ၏ပြုလုပ်မှုသည် မည်သို့သော သဘောရှိသည်ကိုလည်းကောင်း၊ မတော်မမှန်သည်ကိုသော်လည်းကောင်း၊ ဥပဒေနှင့်ဆန့် ကျင်သည်ကိုသော်လည်းကောင်း မသိနိုင်ကြောင်းများနှင့် ရာဇဝတ်တရားသူကြီးက ၎င်းရှေ့ ထွက်ဆိုသည့် သက်သေခံချက်များကို ထောက်ထား၍ ယုံကြည်ရန် အကြောင်းရှိလျှင် အဆိုပါ ရာဇဝတ်တရားသူကြီးက အမှုကို ဆက်လက်စစ်ဆေးပြီးနောက် တရားခံကို စက်ရှင်တရားရုံးသို့ ဖြစ်စေ၊ တရားလွှတ်တော်သို့ဖြစ်စေ လွှဲအပ်တင်ပို့ရန်သင့်လျှင် သက်ဆိုင်ရာရာ စက်ရှင်တရားရုံး၊ သို့မဟုတ် တရားလွှတ်တော်သို့ စစ်ဆေးစီရင်ရန် တင်ပို့ ရမည်။