ပုဒ်မ ၃၃၃
ပုဒ်မ ၃၃၃
ဍ။ တရားလွှတ်တော်အတွက် အထူးပြဋ္ဌာန်းချက်များ ၊ တရားစွဲဆိုခြင်းကို ဆိုင်းငံ့နိုင်သည့် ရှေ့နေချုပ်၏ အာဏာ

ဤဥပဒေအရ တရားလွှတ်တော်၌စစ်ဆေးစီရင်သည့် အမှုတစ်စုံတစ်ရာ၏ မည်သည့် အဆင့်တွင်မဆို ဆုံးဖြတ်ချက်မပေးမီ ရှေ့နေချုပ်က သင့်သည်ဟုထင်မြင်လျှင် အစိုးရကိုယ်စား တရားခံအပေါ် စွပ်စွဲထားသည့်အမှုကို ဆက်လက်မဆောင်ရွက်လိုကြောင်း တရားရုံးသို့ အကြောင်း ကြားနိုင်သည်။ ထိုကဲ့သို့ အကြောင်းကြားသည့်အခါ တရားခံအပေါ် စွပ်စွဲထားသည့် အဆိုပါ စွပ်စွဲချက်နှင့် စပ်လျဉ်းသည့် အမှုများကို ဆိုင်းငံ ့ရမည်။ ထို ့ပြင် တရားခံအား စွပ်စွဲထားသည့် အမှုမှ စွဲချက်မတင်မီ လွှတ်ရမည်။ သို့သော် ရုံးထိုင်တရားသူကြီးက အခြားနည်း ညွှန်ကြားခြင်း မရှိလျှင် အဆိုပါ စွဲချက်မတင်မီ လွှတ်ခြင်းသည် အမှုမှအပြီးအပြတ်လွှတ်သည့်သဘော မသက်ရောက်စေရ။