ပုဒ်မ ၃၁၅
ပုဒ်မ ၃၁၅
ဂျူရီလူကြီးများအဖြစ် ဆင့်ခေါ်ရမည့် အရေအတွက်

(၁) အထက်အဆိုပါ ပြင်ဆင်ချက်စာရင်းတွင် အမည်ပါရှိသူများအနက်မှ တရားရုံးအရာရှိက လိုအပ်သည်ဟု ထင်မြင်ယူဆသည့် အရေအတွက်ရှိ အထူး၊ သို့မဟုတ် ရိုးရိုး ဂျူရီလူကြီးများအဖြစ် ဆောင်ရွက်ရန် တာဝန်ရှိသူများကို ရန်ကုန်မြို့တွင် ရုံးထိုင်ခြင်း အသီးသီးအတွက် ဆင့်ခေါ်ရမည်။

(၂) တစ်ဦးတစ်ယောက်မပါလျှင် အရေအတွက်ပြည့်မီခြင်း မရှိသည့်အခါတွင် မှတစ်ပါး ထိုသူအား ခြောက်လအတွင်း တစ်ကြိမ်ထက်ပို၍ ဆင့်ခေါ်ခြင်းမပြုရ။

နောက်ဆက်တွဲ ဆင့်ခေါ်ခြင်းများ

(၃) အကယ်၍ မည်သည့်ရုံးထိုင်ခြင်းကိုမဆို ဆက်လက် ဆောင်ရွက်နေစဉ် အတွင်း ဆင့်ခေါ်ခြင်းခံရသူများ၏ အရေအတွက်နှင့် လုံလောက်မှုမရှိကြောင်း တွေ့ရှိသည့်အခါ လိုအပ်သည့် အရေအတွက်ကို အထက်တွင်ဆိုခဲ့သည့်အတိုင်း ဆောင်ရွက်ရန် တာဝန်ရှိ အခြားသူများအား အဆိုပါ ရုံးထိုင်ခြင်းအတွက် ဆင့်ခေါ်ရမည်။