အယူခံရုံး၏အာဏာများ
(၁) သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့် မဆန့်ကျင်စေဘဲ အယူခံရုံးမှာ အောက်ပါ အာဏာများ ရှိရမည် –
(က) အမှုကို အပြီးသတ်ဆုံးဖြတ်ပိုင်ခွင့်၊
( ခ ) အမှုကို ပြန်လည်စစ်ဆေးစေရန် အောက်ရုံးသို့ ပြန်ပို့ခွင့်
( ဂ ) ငြင်းချက်များထုတ်၍ စစ်ဆေးစေပိုင်ခွင့်၊
(ဃ) နောက်ထပ်သက်သေခံချက် ယူပိုင်ခွင့် သို့မဟုတ် ထိုသို့ယူရန် ဆင့်ဆိုပိုင်ခွင့်။
(၂) အထက်တွင် ဆိုခဲ့သည့် ကန့်သတ်ချက်များနှင့် မဆန့်ကျင်စေဘဲ အယူခံရုံးသည် မူလ စီရင်ပိုင်ခွင့်အာဏာရှိသည့် တရားရုံးများအား ယင်းရုံးများ၌ စွဲဆိုသော တရားမမှုများနှင့် စပ်လျဉ်း၍ ဤဥပဒေအရ အပ်နှင်းထားသည့် ထပ်တူအာဏာများ (shall have the same powers) ရရှိသည့်အပြင် ဤဥပဒေအရ သတ်မှတ် ထားသည့် တာဝန်ဝတ္တရားများ shall perform as nearly as may be the same duties) ကိုလည်း တတ်နိုင်သမျှ ဆောင်ရွက်ရမည်။