ရင်းနှီးမြှုပ်နှံမှုကာလ ကုန်ဆုံးသည့်အခါဖြစ်စေ၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း တစ်စိတ်တစ်ပိုင်း သို့မဟုတ် လုံးဝ ပိတ်သိမ်းသည့်အခါဖြစ်စေ တည်ဆဲဥပဒေများနှင့်အညီ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူသည် မိမိရင်းနှီးမြှုပ်နှံငွေများအား မိခင်နိုင်ငံ သို့မဟုတ် တတိယနိုင်ငံသို့ လွှဲပြောင်းပေးပို့နိုင်သည်။