ပုဒ်မ ၅၉
ပုဒ်မ ၅၉
မကျန်းမာခြင်းကြောင်းလွှတ်ခြင်း

(၁)     တရားရှုံးကို ဖမ်းဆီးရန် ဝရမ်းထုတ်ပြီးနောက် မည်သည့်အခါမဆို တရားရုံးသည် တရားရှုံးအပြင်းအထန် နာမကျန်းဖြစ်သည်ကို အကြောင်းပြု၍ ထိုဝရမ်းကို ပယ်ဖျက်နိုင်သည်။

(၂)      တရားရှုံးအား ဖမ်းဆီးထားသည့်အခါ ၎င်းသည် တရားမအကျဉ်းထောင်၌ ချုပ်နှောင်ထားရန် ကျန်းမာရေး အခြေအနေ ကောင်းမွန်ခြင်း မရှိဟု ထင်မြင်ယူဆပါက တရားရုံးသည် ထိုသူအား လွှတ်ပေးနိုင်ပါသည်။

(၃)     တရားရှုံးကို တရားမအကျဉ်းထောင်သို့ ပို့ထားသည့်အခါ –

(က) ကူးစက်ပြန့်ပွားတတ်သော ရောဂါရှိသည်ကို အကြောင်းပြု၍ နိုင်ငံတော် သမ္မတက ၎င်းအား လွှတ်နိုင်သည် သို့မဟုတ်

( ခ ) အပြင်းအထန် နာမကျန်းဖြစ်မှု တစ်ခုခုခံစားရသည်ကို အကြောင်းပြု၍ ပို့ခဲ့သောတရားရုံးကဖြစ်စေ၊ ယင်း၏အထက်တရားရုံး တစ်ရုံးရုံးကဖြစ်စေ ၎င်းအား လွှတ်နိုင်သည်။

(၄) ဤပုဒ်မအရ လွှတ်လိုက်သော တရားရှုံးကို ပြန်လည်ဖမ်းဆီးနိုင်သည်။ သို့ရာတွင် တရားမအကျဉ်းထောင်၌ ချုပ်နှောင်ထားသောကာလ စုစုပေါင်းသည် ပုဒ်မ ၅၈ တွင် သတ်မှတ်ထား သော ကာလထက် မကျော်လွန်စေရ။