ရာဇသတ်ကြီးအရ ပြစ်မှုများကို စစ်ဆေးစီရင်ခြင်း
(၁) ရာဇသတ်ကြီးအရ ပြစ်မှုများကို ဆက်လက်ဖော်ပြမည့် ပြဋ္ဌာန်းချက်များနှင့်အညီ စုံစမ်း ထောက်လှမ်းခြင်း၊ စုံစမ်းစစ်ဆေးခြင်း၊ စစ်ဆေးစီရင်ခြင်းနှင့် အခြားနည်းဖြင့် ဆောင်ရွက်ခြင်း ပြုလုပ်ရမည်။
အခြားဥပဒေများကို ဆန့်ကျင်ကျူးလွန်သည့် ပြစ်မှုများကို စစ်ဆေးစီရင်ခြင်း
(၂) အခြားဥပဒေတစ်ရပ်ရပ်နှင့် သက်ဆိုင်သောပြစ်မှုများကို ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ စုံစမ်းထောက်လှမ်းခြင်း၊ စုံစမ်းစစ်ဆေးခြင်း၊ စစ်ဆေးစီရင်ခြင်း နှင့် အခြားနည်းဖြင့် ဆောင်ရွက်ခြင်း ပြုရမည်။ သိုရာတွင် ယင်းကဲ့သိုသော ပြစ်မှုများကို စုံစမ်း ထောက်လှမ်းခြင်း၊ စုံစမ်းစစ်ဆေးခြင်း၊ စစ်ဆေးစီရင်ခြင်း သိုမဟုတ် အခြားနည်းဆောင်ရွက်ခြင်း ပြုလုပ်ရန်နည်းလမ်း သိုမဟုတ် နေရာကိုသက်မှတ်သည့် တည်ဆဲဥပဒေပြဋ္ဌာန်းချက် တစ်ရပ်ရပ် ကိုလည်း လိုက်နာရမည်။