စော်ကားရန် သို့မဟုတ်စိတ်ငြိုငြင်စေရန် ရည်ရွယ်၍မေးသောမေးခွန်းဖြစ်သည်ဟု တရားရုံးက ထင်မြင်သောမေးခွန်း သို့မဟုတ် သင့်တော်သော မေးခွန်းပင်ဖြစ်သော်လည်း အကြောင်းမဲ့နာကြည်းစေ သည့် မေးခွန်းမျိုးဖြစ်သည်ဟု ထင်မြင်သော မေးခွန်းကိုတရားရုံးသည်တားမြစ်ရမည်။