ပုဒ်မ ၁၀
ပုဒ်မ ၁၀
အမှုဆိုင်းငံ့ခြင်း

တရားရုံးတစ်ရုံးတည်းတွင် ဖြစ်စေ၊ တောင်းဆိုသော သက်သာခွင့်ကို ခွင့်ပြုပိုင်ခွင့်ရှိသော ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်းရှိ အခြားတရားရုံး တစ်ရုံးရုံးတွင် ဖြစ်စေ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် (Supreme Court) တွင် ဖြစ်စေ ယခင်က စွဲဆိုထား၍ မပြီးပြတ်သေးသော အမှုတစ်မှုပါ အမှုသည်များအချင်းချင်း ဖြစ်စေ၊ ၎င်းတို့ကို သို့မဟုတ် ၎င်းတို့အနက် တစ်ဦးဦးကို အမှီပြု၍ တောင်းဆိုပိုင်သူများအချင်းချင်း ဖြစ်စေ၊ ဆိုင်ရေးဆိုင်ခွင့် တစ်ရပ်တည်းအရ (litigating under the same title) စွဲဆိုလာသော အမှု၌ အငြင်းပွားလျက်ရှိသော အကြောင်းအရာသည် ယခင်အမှုတွင် တိုက်ရိုက်အားဖြင့်ဖြစ်စေ၊ အဓိကအားဖြင့်ဖြစ်စေ အငြင်းပွားလျက်ရှိပါက (Matter directly and substantially in issue) မည်သည့် တရားရုံးကမျှ နောက်စွဲဆိုသော တရားမမှုကို ဆက်လက်စစ်ဆေးစီရင်ခြင်း မပြုရ

ရှင်းလင်းချက် ။ ။ နိုင်ငံခြားတရားရုံးတွင် စွဲဆိုထားသော အမှုတစ်မှု မပြီးသေးသည်ကို အကြောင်းပြု၍ တရားစွဲဆိုရန်အကြောင်း တစ်ရပ်တည်းအပေါ် အခြေခံထားသောအမှုကို စစ်ဆေး စီရင်ခြင်း မပြုရန် ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်းရှိ တရားရုံးများကို တားမြစ် ပိတ်ပင်ခြင်း မရှိစေရ။