ပုဒ်မ ၂၄၈
ပုဒ်မ ၂၄၈
တိုင်တန်းချက်ကို ရုပ်သိမ်းခြင်း

တိုင်တန်းသူ တစ်ဦးတစ်ယောက်သည် ဤအခန်းအရ အမှုတစ်စုံတစ်ရာကို အပြီးသတ် အမိန့်မချမှတ်မီ မည်သည့်အခါတွင်မဆို တိုင်တန်းချက်ကို ရုပ်သိမ်းခွင့်ပြုရန် လုံလောက်သည့် အကြောင်းကို ရာဇဝတ်တရားသူကြီး ကျေနပ်လက်ခံအောင် တင်ပြနိုင်လျှင် ရာဇဝတ် တရားသူကြီးသည် ထိုတိုင်တန်းချက်ကို ရုပ်သိမ်းခွင့်ပြုနိုင်ပြီး၊ ယင်းသို့ ရုပ်သိမ်းခွင့်ပြုသည်နှင့် တစ်ပြိုင်နက် တရားခံကို အမှုမှ အပြီးအပြတ် လွှတ်ရမည်။