တရားခံက ပုဒ်မ ၂၁၁ အရ သက်သေစာရင်းကိုတင်သွင်းပြီးဖြစ်၍ ၎င်းကို စစ် ဆေးစီရင်ရန် လွှဲအပ်တင်ပို့သည့်အခါ ရာဇဝတ်တရားသူကြီးသည် တရားခံကိုလွှဲအပ်တင်ပို့ရာ တရားရုံးသို့သွားရောက်ရမည့်အကြောင်းနှင့် ၎င်း၏ရှေ့သို့ မရောက်ရှိသေးသည့်စာရင်းပါ သက် သေများကို သမ္မန်စာဖြင့် ထုတ်ဆင့်ခေါ်ယူရမည်။
သို့ရာတွင် ရာဇဝတ်တရားသူကြီးက မိမိသဘောအတိုင်း သမ္မန်စာမထုတ်ဆင့်ဘဲ ချန်လှပ်ထားခဲ့သော အဆိုပါသက်သေများကို တရားရုံးအရာရှိက သမ္မန်စာထုတ်ဆင့်နိုင်ခွင့်ရှိသည်။
စရိတ်မတင်သွင်းသည့် သက်သေများကို မဆင့်ခေါ်ရန်ငြင်းပယ်ခြင်း။
ထို့ပြင်လည်း အနှောင့်အယှက်ဖြစ်စေခြင်း၊ သို့မဟုတ် နှောင့်နှေး ကြန့်ကြာစေခြင်း၊ သို့မဟုတ် တရားမျဘမှုပျက်ပြားစေခြင်း ဖြစ်ပေါ်စေရန်ကိစ္စအလို့ငှာ စာရင်း၌ သက်သေ တစ်ဦးတစ်ယောက်ကို ထည့်သွင်းထားကြောင်း ရာဇဝတ်တရားသူကြီးက ထင်မြင်လျှင် ထိုအစစ်ခံမည့် သက်သေထွက်ချက်များသည် အရေးပါသည်ဟု ယုံကြည်ကျေနပ်အောင် လျှောက်ထားတင်ပြရမည့် အကြောင်းကို တရားခံအား ၎င်းရာဇဝတ်တရားသူကြီးက ဆင့်ဆိုခွင့် ရသည်။ ထို့ပြင် ကျေနပ်အောင် မလျှောက်ထားနိုင်လျှင် မည်သည့်အကြောင်းများကြောင့် ငြင်းပယ်သည့် အကြောင်းများကို မှတ်တမ်းတင်ပြီးနောက် ၎င်းသက်သေကို သမ္မန်စာမထုတ်ဆင့်ဘဲ ငြင်းပယ်ခွင့် ရှိသည်၊ သို့မဟုတ် ထိုသက်သေကို မဆင့်ခေါ်မီ အဆိုပါသက်သေရောက်ရှိစေရန်အတွက် ကုန်ကျရန်ရှိသောစရိတ်၊ အခြားသင့်ရာစရိတ်များအတွက် လိုအပ်သည်ဟု ထင်မြင်သည့် ငွေကို တင်သွင်းထားရမည်ဟူ၍လည်း ဆင့်ဆိုနိုင်ခွင့်ရှိသည်။