ပုဒ်မ ၃၄၁
ပုဒ်မ ၃၄၁
မှုခင်းကိစ္စများကို တရားခံက နားမလည်သည့်အခါ လိုက်နာရန်ကျင့်ထုံး

အကယ်၍ တရားခံသည် စိတ်မနှံ့သူ မဟုတ်သော်လည်း မှုခင်းကိစ္စများကို နားလည်အောင်ပြုလုပ်၍ မရသူဖြစ်လျှင် တရားရုံးသည် စုံစမ်းစစ်ဆေးမှု၊ သို့မဟုတ် စစ်ဆေးစီရင်မှုကို ဆက်လက် ဆောင်ရွက်နိုင်သည်။ ထိုပြင် တိုင်းဒေသကြီးတရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွတ်တော်မှတစ်ပါး အခြားတရားရုံးတစ်ရုံး၌ ဆိုခဲ့သည့် စုံစမ်းစစ်ဆေးမှုသည် အထက်ရုံးတစ်ရုံးသို့ လွှဲအပ်တင်ပို့သည့် အခြေအနေသို့ ဆိုက်ရောက်လျှင်၊ သို့မဟုတ် ဆိုခဲ့သည့်စစ်ဆေးစီရင်မှုသည် ပြစ်မှုထင်ရှားစီရင်သည့် အခြေသို့ ဆိုက်ရောက်လျှင် အမှုအဖြစ်အပျက် အကြောင်းခြင်းရာအစီရင်ခံချက်နှင့်တကွ အမှုတွဲကို တိုင်းဒေသကြီးတရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွတ်တော်သို့ တင်ပို့ရမည်။ တရားလွှတ်တော်က မိမိသင့်သည်ထင်မြင်သော အမိန့်တစ်ရပ်ချမှတ်ရမည်။