အမှုသည်များကိုဖြစ်စေ (misjoinder of parties)၊ တရားစွဲဆိုရန် အကြောင်းများကိုဖြစ်စေ မှားယွင်း ပူးတွဲစွဲဆိုခြင်းကြောင့်သော် လည်း ကောင်း (misjoinder of causes of action)၊ သို့မဟုတ် အမှုတွင် မှုခင်းတစ်ရပ်ရပ် ကိစ္စ ဆောင်ရွက်ရာ၌ အမှု၏ အရည်အသွေးကိုဖြစ်စေ (merits of the case)၊ တရားရုံး၏ စီရင်ပိုင်ခွင့်အာဏာကိုဖြစ်စေ (jurisdiction of the Court) ထိခိုက်ခြင်း မရှိသော မှားယွင်းမှု သို့မဟုတ် ချွတ်ယွင်းမှု သို့မဟုတ် နည်းလမ်းမကျမှုကြောင့် သော်လည်းကောင်း မည်သည့်ဒီကရီကိုမျှ အယူခံမှုတွင် ပယ်ဖျက်ခြင်း သို့မဟုတ် အကြီးအကျယ်ပြောင်းလဲခြင်း မပြုရ၊ သို့မဟုတ် အမှုကို ပြန်လည် စစ်ဆေးခြင်း မပြုရ။