ပုဒ်မ ၇၀
ပုဒ်မ ၇၀
ရွေးကောက်တင်မြှောက်ခံရခြင်းနှင့် စပ်လျဉ်း၍ ကန့်ကွက်ချက်များကို အဆုံးအဖြတ်ပေးခြင်း

ရွေးကောက်ပွဲကန့်ကွက်လွှာများကို စိစစ်ကြားနာရာတွင် ရွေးကောက်ပွဲခုံအဖွဲ့သည် လိုအပ်ပါက ပြည်ထောင်စုရှေ့နေချုပ်ကို ရုံးတော် သဟာယအဖြစ် ဖိတ်ကြား၍ ဥပဒေအကြံဉာဏ်များ တောင်းခံနိုင်သည်။ ပြည်ထောင်စုရှေ့နေချုပ်သည် မိမိကိုယ်တိုင် ခုံအဖွဲ့သို့ မလာရောက်နိုင်ပါက မိမိကိုယ်စား ဆောင်ရွက်စေရန် ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ သင့်လျော်သော ဥပဒေအရာရှိအဆင့် (၁) အောက်မနိမ့်သည့် ပုဂ္ဂိုလ်အား ခုံအဖွဲ့သို့ စေလွှတ်ဆောင်ရွက် စေနိုင်သည်။