တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်၏ လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည်-
(က) တရားရုံးတွင် တရားစွဲဆိုထားသော ပြစ်မှုဆိုင်ရာအမှုတွင် အမှုတစ်ရပ်လုံးကိုဖြစ်စေ၊ စွဲချက်တစ် ရပ်ရပ်ကိုဖြစ်စေ၊ တရားခံတစ်ဦးဦးကိုဖြစ်စေ ရုပ်သိမ်းရန်လိုအပ်ပါက ဥပဒေနှင့်အညီဆောင်ရွက်ခြင်း၊
(ခ) တရားစွဲဆိုတင်ပို့ခြင်းမပြုနိုင်သော ပြစ်မှုဆိုင်ရာ အမှုများနှင့်စပ်လျဉ်း၍ ပိတ်သိမ်းရန် သတ်မှတ် ချက်များနှင့်အညီ ဆုံးဖြတ်ခြင်း၊
(ဂ) သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်းရှိ တရားရုံးအဆင့်ဆင့်ကပြစ်မှုဆိုင်ရာအမှု များတွင် အပြီးအပြတ်လွှတ်သည့်အမိန့်ကို အယူခံဝင်ရောက်သင့်သည်ဟုယူဆပါက တိုင်းဒေသကြီး သို့မ ဟုတ် ပြည်နယ်တရားလွှတ်တော်သို့ဥပဒေနှင့်အညီ အယူခံမှုတင်သွင်းခြင်း၊
(ဃ) ဥပဒေရေးရာနှင့်စပ်လျဉ်း၍ ကြည့်ရှုစိစစ်ရန်လိုအပ်ပါက သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် အဖွဲ့အစည်းများထံမှ လိုအပ်သည့်အမိန့်များ၊ ဆုံးဖြတ်ချက်များ၊ ညွှန်ကြားချက်များ၊ ဆောင်ရွက်ချက်များ၊ အမှုတွဲများနှင့် အခြားစာရွက်စာတမ်းများကို တောင်းယူခြင်း။