ပုဒ်မ ၁၃၆
ဥပဒေကြမ်းတင်သွင်းခြင်း
ဇယား ၁ ပါ ပြည်ထောင်စု ဥပဒေပြုစာရင်းတွင် ဖော်ပြသော ကိစ္စရပ်များအနက် ပြည်ထောင်စု လွှတ်တော်တွင်သာ ဥပဒေကြမ်း တင်သွင်းဆုံးဖြတ်ရမည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေ၌ ပြဋ္ဌာန်းထား သည့်ကိစ္စရပ်များမှအပ ကျန်ကိစ္စရပ်များကို သတ်မှတ်ထားသည့် နည်းလမ်းများနှင့်အညီ ပြည်သူ့ လွှတ်တော်တွင် ဥပဒေကြမ်း စတင်တင်သွင်းခွင့်ရှိသည်။