ဤဥပဒေအရ ပြဌာန်းသည့် သို့မဟုတ် ခွင့်ပြုသည့် ပြုလုပ်မှုတစ်ခုခု ဆောင်ရွက်ရေးအတွက် တရားရုံးက အချိန်ကာလတစ်ရပ်ရပ်ကို သတ်မှတ်လျှင် သို့မဟုတ် ခွင့်ပြုလျှင် မူလက သတ်မှတ်ထားသော သို့မဟုတ် ခွင့်ပြုထားသော အဆိုပါ အချိန်ကာလကုန်ဆုံးပြီးဖြစ်စေကာမူ တရားရုံးသည် အဆိုပါ အချိန်ကာလကို မိမိ၏ သဘောအတိုင်း အခါအားလျော်စွာ တိုးမြှင့်ပေးနိုင်သည်။