ပုဒ်မ ၅၅၇
ပုဒ်မ ၅၅၇
အမှုလိုက်လျက်ရှိသော ရှေ့နေတချို့တရားရုံးများတွင် ရာဇဝတ်တရားသူကြီးအဖြစ် ရုံးမထိုင်ခြင်း

ရာဇဝတ်တရားသူကြီးတစ်ဦးဦး၏ တရားရုံးတွင် အမှုလိုက်နေသော မည်သည့် ရှေ့နေမျှ အဆိုပါတရားရုံးတွင်ဖြစ်စေ၊ အဆိုပါတရားရုံး၏ စီရင်ပိုင်ခွင့်နယ်မြေအတွင်းရှိ အခြားတရားရုံး တစ်ရုံးတွင်ဖြစ်စေ ရာဇဝတ်တရားသူကြီးတစ်ဦးအဖြစ်ဖြင့် ရုံးထိုင်ခြင်းမရှိစေရ။