ပုဒ်မ ၁၁၉
ပုဒ်မ ၁၁၉
သတင်းပေးခြင်းခံရသူကို လွှတ်ခြင်း

ပုဒ်မ ၁၁၇ အရ စုံစမ်း စစ်ဆေးရာတွင် အမှုအလိုက် ငြိမ်ဝပ်စွာနေထိုင်ရန် သို့မဟုတ် ကောင်းမွန်စွာ ကျင့်ကြံနေထိုင်ရန် လိုအပ်ကြောင်း ထင်ရှားအောင် မပြနိုင်လျှင် ထိုအကြောင်းကို တရားသူကြီးက အမှုတွဲတွင် ရေးမှတ်ရမည်။ အကယ်၍ ထိုသူသည် စုံစမ်းစစ်ဆေးရန် ကိစ္စများ အလို့ငှာ အချုပ်ခံနေရလျှင် ထိုသူကို အချုပ်မှလွှတ်ရမည် သို့မဟုတ် ထိုသူသည် အချုပ်ခံနေရသူ မဟုတ်လျှင် ၎င်းအားလွှတ်ရမည်။