ပုဒ်မ ၃၇၆
ပုဒ်မ ၃၇၆
ပြစ်ဒဏ်ကို အတည်ပြုရန်၊ သို့မဟုတ် ပြစ်မှုထင်ရှားစီရင်ခြင်းကို ပယ်ဖျက်ရန် တရားလွှတ်တော်၏ အာဏာ

ပုဒ်မ ၃၇၄ အရ တင်ပြလာသည့် မည်သည့်အမှု၌မဆို တရားလွှတ်တော်သည်-

(က) ပြစ်ဒဏ်ကို အတည်ပြုနိုင်သည်၊ သို့မဟုတ် ဥပဒေအရပြဋ္ဌာန်းထားသော အခြားပြစ်ဒဏ်တစ်ရပ်ရပ်ကို ချမှတ်နိုင်သည်၊ သို့မဟုတ်

(ခ) ပြစ်မှုထင်ရှားစီရင်ခြင်းကို ပယ်ဖျက်နိုင်သည်။ ထို့ပြင် တရားခံကို စက်ရှင်တရားရုံးက ပြစ်မှုထင်ရှားစီရင်နိုင်မည့် မည်သည့် ပြစ်မှုတစ်စုံ တစ်ရာနှင့် တရားခံအား ပြစ်မှုထင်ရှားစီရင်နိုင်သည်၊ သို့မဟုတ် ၎င်းစွဲချက်အရဖြစ်စေ၊ ပြင်ဆင်သည့် စွဲချက်အရ ဖြစ်စေ အမှုကို အသစ်ကြားနာစစ်ဆေးရန် အမိန့်ချမှတ်နိုင်သည်၊ သို့မဟုတ်

( ဂ ) တရားခံကို အမှုမှ အပြီးအပြတ် လွှတ်နိုင်သည်။

သို့ရာတွင် အယူခံတင်သွင်းခွင့်ရှိသည့် ကာလအပိုင်းအခြား မကုန်ဆုံးမီဖြစ်စေ၊ အဆိုပါကာလအတွင်း အယူခံမှုကို တင်သွင်းလျှင် ယင်းအယူခံမှု မပြီးပြတ်မီဖြစ်စေ ဤပုဒ်မအရ အတည်ပြုသည့် အမိန့်တစ်စုံတစ်ရာကို မချမှတ်ရ။