(၁) တရားသူကြီးများ၏ တရားရုံးများသည် အောက်ပါအတိုင်း ပြစ်ဒဏ်များကို ချမှတ်နိုင်သည်-
| (က) ပထမတန်းအာဏာရ တရားသူကြီးများ၏ တရားရုံးများ | တရားဥပဒေက ခွင့်ပြုသည့် အလုပ်ထောင် ဒဏ်နှင့်တကွ သုံးနှစ်ထက် မပိုသော ထောင် ဒဏ်၊ ကျပ်တစ်သိန်းထက် မပိုသည့် ငွေဒဏ် {၊. . . . ] | |
| (ခ) ဒုတိယတန်းအာဏာရ တရားသူကြီးများ၏ တရားရုံးများ | တရားဥပဒေက ခွင့်ပြုသည့် အလုပ်ထောင် ဒဏ် နှင့်တကွ တစ်နှစ်ထက် မပိုသော ထောင် ဒဏ်၊ ကျပ်ငါးသောင်းထက် မပိုသည့် ငွေဒဏ်၊ | |
| (ဂ) တတိယတန်းအာဏာရ တရားသူကြီးများ၏ တရားရုံးများ | သုံးလထက်မပိုသော ထောင်ဒဏ်၊ ကျပ်သုံးသောင်းထက် မပိုသည့် ငွေဒဏ်၊ |
(၂) မည်သည့် တရားသူကြီး၏ တရားရုံးကမဆို တရားဥပဒေအရ ချမှတ်နိုင်သည့် ပြစ်ဒဏ်များအနက် မည်သည့်ပြစ်ဒဏ်ကိုမဆို ပေါင်း၍ ချမှတ်နိုင်သည်။