ဖတ်၍မရသည့် သို့မဟုတ် သာမန်အားဖြင့် နားမလည်နိုင်သည့်အက္ခရာစာလုံးများ၊ နိုင်ငံခြားစကားရပ်များ၊ ရှေးဟောင်းစကားရပ်များ၊ ပညာရပ်ဆိုင်ရာစကားရပ်များ၊ ဒေသအလိုက်အသုံး ပြုသည့်စကားရပ်များနှင့် ကျေးလက်နယ်ပယ်အလိုက် အသုံးပြုသည့် စကားရပ်များ၊ အတိုကောက် ရေး သားချက်များနှင့်သက်ဆိုင်ရာကိစ္စ အလျောက် ထူးခြားသော အဓိပ္ပာယ်ဖြင့်အသုံးပြုထားသည့် စကားလုံးများတို့၏အဓိပ္ပာယ်ကိုပေါ်လွင်အောင် သက်သေခံတင်ပြနိုင်သည်။
ဥပမာ
ပန်းပုသမား A က “ကျွန်တော်ပိုင်ပန်းပုပစ္စည်းအားလုံး” ဟုဆိုကာ ထိုအရာအားလုံးကို B သို့ရောင်းချ ရန် သဘောတူသည်။ A မှာ ပန်းပုရုပ်များအပြင်ပန်းပုကိရိယာများလည်းရှိသည်။ ထိုနှစ်ရပ်အနက်မည်သည်ကို ရောင်းချရန် ရည်ရွယ်ကြောင်းပေါ်လွင်အောင် သက်သေခံတင်ပြနိုင်သည်။