ပုဒ်မ ၃၉၄
ပုဒ်မ ၃၉၄
လွှတ်တော်များသို့ ပြည်သူ့ကိုယ်စားလှယ်များ ရွေးကောက်တင်မြှောက်ခြင်း

(က) ပြည်ထောင်စုနယ်မြေ သို့မဟုတ် ပြည်ထောင်စုလွှတ်တော်က ဥပဒေပြဋ္ဌာန်း၍ သတ်မှတ်ထား သော ပြည်ထောင်စုနယ်မြေများအတွင်း မှီတင်းနေထိုင်ကြသော မဲဆန္ဒရှင်များသည် ပြည်သူ့လွှတ်တော် နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များကိုသာ ရွေးချယ်တင်မြှောက်ခွင့်ရှိသည်၊

(ခ) ပြည်ထောင်စုလွှတ်တော်က ဥပဒေပြဋ္ဌာန်း၍ ပြည်ထောင်စုနယ်မြေအဖြစ် သတ်မှတ်လိုက်သော နယ်မြေတစ်ခုခုမှ ရွေးကောက်တင်မြှောက်ထားသည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်သည် ဥပဒေတွင် သီးခြားခွင့်ပြုထားခြင်းမရှိလျှင် ယင်းလွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်လက်ရပ်တည်ပိုင်ခွင့်မရှိစေရ။