ပုဒ်မ ၁၄၇
ပုဒ်မ ၁၄၇
မစွမ်းဆောင်နိုင်သူတို့ပေးသော သဘောတူခွင့်ပြုချက် သို့မဟုတ် သဘောတူညီချက်

မစွမ်းဆောင်နိုင်သူတစ်ဦး (person under disability) အမှုသည်အဖြစ် ပါဝင်သော အမှုအားလုံးတွင် မှုခင်းကိစ္စ ဆောင်ရွက်ချက်တစ်ခုခုနှင့် စပ်လျဉ်း၍ (as to any proceeding) သဘောတူချက် သို့မဟုတ် သဘောတူညီချက်ကို အမှုမှ နီးစပ်ရာမိတ်ဆွေကဖြစ်စေ သို့မဟုတ် အမှုအတွက် အုပ်ထိန်းသူကဖြစ်စေ (or guardian for the suit) တရားရုံး၏ အတိအလင်း ခွင့်ပြုချက်ဖြင့် (with the express leave of the Court) ပေးခဲ့လျှင် သို့မဟုတ် ပြုလုပ်ခဲ့လျှင်၊ အဆိုပါ သဘောတူချက် သို့မဟုတ် သဘောတူညီချက်သည် ထိုသူတွင် မစွမ်းဆောင်နိုင်သည့် အရည်အချင်းချို့ငဲ့မှု မရှိဘဲ (as if such person were under no disability) ကိုယ်တိုင် ပေးခဲ့သကဲ့သို့ သို့မဟုတ် ပြုလုပ်ခဲ့သကဲ့သို့ ထပ်တူ အာဏာနှင့် အကျိုးသက်ရောက်မှု ရှိစေရမည်။