ပုဒ်မ ၁၄၄
ပုဒ်မ ၁၄၄
ဥပဒေနှင့်ဆန့်ကျင်သောအစုအဝေးတွင် သေစေလောက်သောလက်နက်ဖြင့် ပါဝင်ခြင်း

မည်သူမဆို ဥပဒေနှင့်ဆန့်ကျင်သော အစုအဝေးကိုလူစုခွဲရန် ဥပဒေပြဋ္ဌာန်းသည့် နည်းလမ်းအတိုင်း အမိန့်ပေးပြီးကြောင်းသိပါလျက် ထိုအစုအဝေးတွင် ပါဝင်လျှင် သို့မဟုတ် ဆက်လက်ပါဝင်နေလျှင် ထိုသူကို နှစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။


ကျင့်ထုံး
  1. ရဲအရေးပိုင်သည်။
  2. ကနဦးကပင် ဝရမ်းထုတ်ဖမ်းဆီးခွင့် ရှိသည်။
  3. အာမခံ ပေးရမည်။
  4. ကျေအေးခွင့် မရှိ
  5. မည်သည့်တရားသူကြီးကမဆို စစ်ဆေးနိုင်သည်။