ပုဒ်မ ၄၉
နိုင်ငံတော်ဖွဲ့စည်းတည်ဆောက်ပုံ
နိုင်ငံတော်ကို အောက်ပါတိုင်းဒေသကြီး (၇)ခု၊ ပြည်နယ် (၇) ပြည်နယ်နှင့် ပြည်ထောင်စုနယ်မြေ များဖြင့် ပိုင်းခြားသတ်မှတ်သည်-
(က) ကချင်ပြည်နယ်၊
(ခ) ကယားပြည်နယ်၊
(ဂ) ကရင်ပြည်နယ်၊
(ဃ) ချင်းပြည်နယ်၊
(င) စစ်ကိုင်းတိုင်းဒေသကြီး၊
(စ) တနင်္သာရီတိုင်းဒေသကြီး၊
(ဆ) ပဲခူးတိုင်းဒေသကြီး၊
(ဇ) မကွေးတိုင်းဒေသကြီး၊
(ဈ) မန္တလေးတိုင်းဒေသကြီး၊
(ည) မွန်ပြည်နယ်၊
(ဋ) ရခိုင်ပြည်နယ်၊
(ဌ) ရန်ကုန်တိုင်းဒေသကြီး၊
(ဍ) ရှမ်းပြည်နယ်၊
(ဎ) ဧရာဝတီတိုင်းဒေသကြီးနှင့်
(ဏ) ပြည်ထောင်စုနယ်မြေများ။