ကျင့်ထုံးဥပဒေပုဒ်မ ၁၉၈ သို့မဟုတ် ၁၉၉ တို့တွင် အကျုံးဝင်သည့် မည်သည့် အမှုတွင်မဆို ကိုယ်စားပြု၍ တိုင်တန်းချက်ကို တင်သွင်းခွင့်တောင်းဆိုခြင်း ခံရသူမှာ အသက် တစ်ဆယ့်ရှစ်နှစ် အောက်ဖြစ်လျှင် သို့မဟုတ် ရူးသွပ်သူတစ်ယောက်ဖြစ်လျှင်၊ ၎င်းပြင် တိုင်တန်းခွင့်ရရန် လျှောက်ထား သူကို အဆိုပါ အရွယ်မရောက်သေးသူ သို့မဟုတ် ရူးသွပ်သူ တစ်ယောက်၏ အုပ်ထိန်းသူအဖြစ် အခွင့်အာဏာပိုင်က ခန့်ထားခြင်း သို့မဟုတ် ကြေညာခြင်း မရှိသေးလျှင် ၎င်းပြင် ယင်းကဲ့သို့ ခန့်ထားသော သို့မဟုတ် ကြေညာထားသော အုပ်ထိန်းသူ တစ်ဦးရှိနေသည်ဟု တရားရုံးက ကျေနပ်လက်ခံလျှင် တရားရုံးက လျှောက်လွှာကို ခွင့်မပြုမီ လျှောက်လွှာခွင့်ပြုခြင်းကို ကန့်ကွက်နိုင်ရန် အုပ်ထိန်းသူအား သင့်လျော်သော အခွင့်အလမ်းပေးရမည်။