(က) ပြည်ထောင်စုအစိုးရအဖွဲ့သည် နိုင်ငံခြားသုံးငွေလုပ်ငန်းများနှင့် စပ်လျဉ်း၍ သုံးလထက် မပိုသော အရေးပေါ်ကာလတစ်ရပ်ကို သတ်မှတ်နိုင်သည်။ ထို့ပြင်လိုအပ်ပါက ယင်းကာလကို တစ်ကြိမ် လျှင် သုံးလထက်မပိုစေဘဲ ထပ်မံ သတ်မှတ်နိုင်သည်။
(ခ) ပုဒ်မခွဲ(က)အရအရေးပေါ်ကာလသတ်မှတ်ပါကဗဟိုဘဏ်သည် အရေးပေါ်အခြေအနေကို ဖြေရှင်း ရန်နိုင်ငံခြားသုံးငွေလုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ရရှိသူတို့၏လုပ်ငန်းများအပေါ် ယာယီကန့်သတ်ချက် များသတ်မှတ်နိုင်သည်။