ပုဒ်မ ၃၃၉-က
ပုဒ်မ ၃၃၉-က
ပုဒ်မ ၃၃၉ အရ စစ်ဆေးစီရင်မှုတွင် လိုက်နာရန်ကျင့်ထုံး

(၁) ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့် လက်ခံခဲ့ပြီးသူတစ်ဦးကို ပုဒ်မ ၃၃၉ အရ စစ်ဆေးစီရင်သောတရားရုံးသည်-

(က) တိုင်းဒေသကြီးတရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရား လွတ်တော်၊ သို့မဟုတ် စက်ရှင်တရားရုံးဖြစ်လျှင် ပုဒ်မ ၂၇၁ ပုဒ်မခွဲ(၁)အရ တရားခံအား စွဲချက်ကို ဖတ်ကြားရှင်းလင်းပြခြင်း မပြုမီ၊ ၎င်းပြင်

(ခ) ရာဇဝတ်တရားသူကြီး တစ်ဦး၏ တရားရုံးဖြစ်လျှင် တရားလိုဘက် သက်သေများ၏ သက်သေခံချက်ကို မရယူမီ

ပြစ်ဒဏ်လွတ်ငြိမ်း ချမ်းသာခွင့်ပေးသည့် စည်းကမ်းချက်များကို မိမိလိုက်နာခဲ့ကြောင်း လျှောက်လဲ ပြောဆိုမည် မပြောဆိုမည်ကို တရားခံအား မေးမြန်းရမည်။

(၂) တရားခံက ထိုကဲ့သို့ လျှောက်လဲပြောဆိုလျှင် တရားရုံးသည် ယင်းထုချေချက်ကို မှတ်တမ်းတင်ရမည်။ ထိုနောက် စစ်ဆေးစီရင်မှုကို ဆက်လက်ဆောင်ရွက်ရမည်။ ၎င်းပြင် သက်ဆိုင်ရာ ရာဂျူရီလူကြီးကဖြစ်စေ၊ တရားရုံးက ဖြစ်စေ၊ ရာဇဝတ်တရားသူကြီးက ဖြစ်စေ အမှုတွင် စီရင်ချက်မချမီ တရားခံသည် ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ပေးသည့် စည်းကမ်းချက်များကို လိုက်နာမှုရှိ မရှိ ဆုံးဖြတ်ရမည်။ တရားခံသည် စည်းကမ်းချက်များကို လိုက်နာခဲ့ကြောင်း တွေ့ရှိရလျှင် တရားရုံးက ကျင့်ထုံးဥပဒေ၌ မည်သို့ပါရှိဓစကာမူ အမှုမှအပြီးအပြတ်လွှတ်ကြောင်း စီရင်ချက်ချမှတ်ရမည်။