ပုဒ်မ ၅၀၇
ပုဒ်မ ၅၀၇
ကော်မရှင်စာကို ပြန်ပို့ပေးခြင်း

(၁) ပုဒ်မ ၅၀၊ သို့မဟုတ် ပုဒ်မ ၅၀၆ အရ ထုတ်ဆင့်သော ကော်မရှင် စာကို နည်းလမ်းတကျ ဆောင်ရွက်ပြီးသောအခါ ထိုကော်မရှင်စာအရ စစ်မေးခဲ့သည့် သက်သေ၏ အစစ်ခံချက်နှင့်အတူ ကော်မရှင်စာကို ထုတ်ဆင့်ခဲ့သော တရားရုံးသို့ ပြန်ပို့ရမည်။ ထိုကော်မရှင်စာ ပြန်ပို့စာနှင့် သက်သေအစစ်ခံချက်တို့ကို သင့်လျော်သည့် အချိန်အခါများတွင် အမှုသည်များက ကြည့်ရှုစစ်ဆေးခွင့် ရှိစေရမည်။ ထိုပြင် တရားမျှတသော ခြွင်းချက်အားလုံးကို အထောက်အထားပြု၍ အမှုသည်တစ်ဦးဦးက အမှုတွင် သက်သေခံချက်အဖြစ် ဖတ်ပြနိုင်သည်။ ယင်းတို့မှာ အမှုမှတ်တမ်း၏ အစိတ်အပိုင်း ဖြစ်စေရမည်။

(၂) ထိုကဲ့သို့ ရယူခဲ့သော သက်သေအစစ်ခံချက်သည် သက်သေခံအက်ဥပဒေ ပုဒ်မ ၃၃ အရ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့် ညီညွှတ်လျှင် ယင်းအစစ်ခံချက်ကို အခြားတရားရုံးတစ်ရုံးရှေ့ရှိ အမှု၏နောက်ပိုင်း မည်သည့်အဆင့်၌မဆို သက်သေခံချက်အဖြစ် လက်ခံနိုင်သည်။