ပုဒ်မ ၉၆
ပုဒ်မ ၉၆
လူအများအနက်တစ်ယောက်တည်းနှင့်သာ သက်ဆိုင်နိုင်သည့်အရေးအသားကို မည်သို့သက်ဆိုင် စေကြောင်း တင်ပြသည့်သက်သေခံချက်

စာချုပ်စာတမ်းတွင်ပါရှိသော အရေးအသားသည် ရှိနေသောအကြောင်းခြင်းရာများအရ လူအများ သို့မဟုတ် အရာဝတ္ထုအများရှိသည့်အနက်မှ လူတစ်ဦး သို့မဟုတ် အရာဝတ္ထုတစ်ခုခုနှင့်သက်ဆိုင် ကြောင်း အဓိပ္ပာယ်သက်ရောက်နိုင်လျှင် ထို့ပြင်လူတစ်ဦးတစ်ယောက်ထက်ပို၍သော်လည်းကောင်း၊ အရာဝတ္ထုတစ်ခုထက်ပို၍သော် လည်းကောင်း သက်ဆိုင်ကြောင်းအဓိပ္ပာယ် မသက်ရောက်နိုင်လျှင် ထိုလူများ သို့မဟုတ် ထိုအရာဝတ္ထုများအနက်မှ မည်သည့်လူ သို့မဟုတ် မည်သည့်အရာဝတ္ထုနှင့်သက် ဆိုင်စေရန် ရည်ရွယ်ကြောင်းပေါ်လွင်စေမည့် အကြောင်းခြင်းရာများကို သက်သေခံတင်ပြနိုင်သည်။

ဥပမာများ

(က) A က “ကျွန်တော်၏မြင်းဖြူ” ဟု ဆိုသည့်မြင်းကိုငွေကျပ် ၁၀၀၀ နှင့် B အားရောင်းရန်သဘော တူသည်။ A တွင်မြင်းဖြူနှစ်ကောင်ရှိသည်။ ထိုနှစ်ကောင်အနက်မည်သည့်မြင်းကိုရောင်းရန် ရည်ရွယ် သည်ကို ပေါ်လွင်စေသောအကြောင်းခြင်းရာများကို သက်သေခံတင်ပြနိုင်သည်။

(ခ) A သည် B နှင့်အတူထန်းတပင်သို့ လိုက်ပါရန်သဘောတူသည်။ ထန်းတပင်ဆိုရာ၌ မည်သည့်ထန်း တပင်ကိုဆိုလိုကြောင်းပေါ်လွင်စေမည့် အကြောင်းခြင်းရာများကို သက်သေခံတင်ပြနိုင်သည်။