ပုဒ်မ ၄၂၄
ပုဒ်မ ၄၂၄
အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များ

နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများသည်လည်းကောင်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ တို့သည်လည်းကောင်း ပြည်ထောင်စုလွှတ်တော် သက်တမ်းကုန်ဆုံး စေကာမူ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်သမ္မတအသစ်နှင့် ဒုတိယသမ္မတအသစ် တို့ကိုလည်း ကောင်း၊ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအသစ်နှင့်အမျိုးသားလွှတ်တော်ဥက္ကဋ္ဌအသစ်တို့ကိုလည်းကောင်း ရွေးချယ်တင်မြှောက်ပြီးသည်အထိ ဆက်လက်တည်ရှိသည်။