ပုဒ်မ ၅၂-က
ပုဒ်မ ၅၂-က
လက်သင့်ခံခြင်း

ပုဒ်မ ၁၃၀နှင့် ၁၅၇ တို့တွင် လင်က မယားကိုသော်လည်းကောင်း၊ မယားက လင်ကိုသော် လည်းကောင်း လက်သင့်ခံသောအမှုမျိုးမှအပ “လက်သင့်ခံခြင်း” ဆိုသော စကားရပ်တွင် လူတစ်ဦး တစ်ယောက်အား ခိုလှုံရာကိုဖြစ်စေ၊ အစားအသောက်ကိုဖြစ်စေ၊ ငွေကြေးကိုဖြစ်စေ၊ အဝတ်အထည်ကို ဖြစ်စေ၊ လက်နက်ကိုဖြစ်စေ၊ ခဲယမ်းမီးကျောက်ကိုဖြစ်စေ၊ သယ်ယူပို့ဆောင်မှု တစ်နည်းနည်းကိုဖြစ်စေ ထောက်ပံ့ခြင်း သို့မဟုတ် ဤပုဒ်မ၌ ဖော်ပြထားသောအရာမျိုး ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ဖမ်းဆီးခြင်းကို ထိုသူတိမ်းရှောင်နိုင်ရန် တစ်နည်းနည်းဖြင့် ကူညီခြင်း ပါဝင်သည်။


ကျင့်ထုံး