(၁) စွဲချက်တင်ထားသည့်ပြစ်မှု ကျူးလွန်ကြောင်း အဆိုရှိသည့်နေရာကိုဖြစ်စေ၊ စစ်ဆေးစီရင်မှုတွင် အရေးပါသည့် အခြားပြစ်မှုဖြစ်ပွားကြောင်း အဆိုရှိသည့် အခြားနေရာကို ဖြစ်စေ ဂျူရီက ကြည့်ရှုသင့်ကြောင်း တရားရုံးက ထင်မြင်လျှင် ထိုကဲ့သို့ ထင်မြင်ကြောင်းကို တရားရုံးက အမိန့်ချမှတ်ရမည်။ ထိုနောက် ဂျူရီကို တရားရုံးအရာရှိတစ်ဦးနှင့်တကွ အဆိုပါ နေရာသို့ ခေါ်ဆောင်သွားရမည်။ အဆိုပါနေရာကို တရားရုံးက ခန့်အပ်သူတစ်ဦးကပြသရမည်။
(၂) ထိုအရာရှိက တရားရုံး၏ ခွင့်ပြုချက်မရှိလျှင် အခြားမည်သူကိုမဆို ဂျူရီနှင့် စကားပြောခြင်း၊ သို့မဟုတ် အဆက်အသွယ် ပြုလုပ်ခြင်းကို ခွင့်မပြုရ။ ထို့ပြင် တရားရုံးက အခြားနည်း ညွှန်ကြားထားခြင်းမရှိလျှင် ကြည့်ရှုမှ ပြီးလျှင်ပြီးခြင်း ဂျူရီအား တရားရုံးသို့ ပြန်လည် ခေါ်ဆောင်လာရမည်။